အမှတ်တမဲ့နဲ့ အမှတ်တရဆိုတဲ့ စကားတွေက မိတ်ဆွေပြောဖူးမှာပါ။ ဒီစကားနှစ်လုံးမှာ အမှတ်တရ ဆိုတာကို ကျွန်တော်တို့က ပိုပြီးစိတ်တွေ့တယ်။ လူတွေ သူများအပေါ်အမှတ်တမဲ့ရှိတတ်ပေမယ့် ကိုယ့်ကိုတော့အမှတ်တရသာ ဖြစ်စေချင်တယ် မဟုတ်လား။ အမှတ်တမဲ့နဲ့ အမှတ်တရ ဘာကွာသလဲ? အမှတ်တမဲ့ဆိုတဲ့အခါ ရည်ရွယ်ချက်မရှိဘူး။ ပြီးတော့ ခံစားချက်လည်းကင်းတယ်။ ဆင်ခြင် ဥာဏ်လည်း မပါဘူး။ ဒီတော့ အမှတ်တမဲ့ ပြောဆိုလုပ်ကိုင်မိတဲ့အခါတိုင်း ဘာကိုဘာ့ကြောင့်လုပ်ရတယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်တာ မဟုတ်တော့ဘူး။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းသဘော၊ မေတ္တာစေတနာ သဘောတွေ လည်း မပါတော့ဘူး။ အကြောင်းနဲ့အကျိုးဆက်စပ် ပြီး တွေးခေါ်လုပ်ဆောင်မှုမျိုးလည်း မရှိဘူး။ ဒါကြောင့် အမှတ်တမဲ့တွေဟာ အနှုတ်သဘောဖြစ်တယ်။ အမှတ်တမဲ့ ဖြစ်ခံရသူမှာ စိတ် အားငယ်ပြီး သိမ်ငယ်စရာ
တွေချည်းပါပဲ။ ဒါပေမယ့် အမှတ်တရကျတော့ ဒီလိုမဟုတ်ပြန်လေဘူး။
အမှတ်တရ လုပ်ကိုင်ပြောဆိုကြံစည်မှုတွေမှာ
ရည်ရွယ်ချက်ပါတယ်။ ပန်းတိုင်ရှိတယ်။ ခံစားချက် လည်းပါတယ်။ ကောင်းတယ် ပြောပြော၊ ဆိုးတယ်ပြောပြော
စေတနာစိတ်သဘေ ယှဉ်တယ်။ ဒါကြောင့် ကံ မြောက်တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ အမှတ်တရတွေ
က ဆင်ခြင်ဥာဏ်နဲ့လုပ်တာတွေဖြစ်တယ်။ အကြောင်းနဲ့အကျိုးဆက်စပ်ပုံကို နားလည်ပြီး ကိုယ်မျှော်လင့်တဲ့အကျိုးကိုရချင်လို့
ဒီအကျိုး ကိုဖြစ်စေတဲ့ အကြောင်းတရားကို အမှားအမှန် အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်မှုနဲ့
လုပ်ဆောင်တာဖြစ်တယ်။ ဒါကြောင့် မိတ်ဆွေ လည်း အမှတ်တရပဲဖြစ်ချင်မယ်ဆိုတာ သိနေတယ်။ မိတ်ဆွေ
သဘောတူပါရဲ့လား?
စဉ်းစားဖို့က လောကကြီးထဲမှာ မိတ်ဆွေရှိတယ်။
ကျွန်တော်လည်း ရှိတယ်။ ကျွန်တော်တို့ ဟာ
လောကထဲမှာ အမှတ်တမဲ့တွေ လား? အမှတ်တရတွေလား?
အမှတ်တမဲ့လို့ အရင်ပြောကြည့်မယ်။ အမှတ်တမဲ့ ကျွန်တော့်အတွက် လူ့ဘ၀မှာပန်းတိုင်ထားဖို့
မလိုဘူး။ လူ့ဘ၀အဓိပ္ပါယ်၊ အနှစ်သာရ၊ လူပီသမှုတွေဟာ ရယ်စရာတွေ ဖြစ်ကုန်တယ်။ မေတ္တာ၊ ကရုဏာ၊
မုဒိတာတွေကလည်း လုပ်ချင်လုပ်၊ မလုပ်ချင်နေဆိုတဲ့ သဘောရတယ်။ စာရိတ္တဆိုတာလည်း မလိုတော့ဘူး။
ရိုးသားမှုတွေ၊ ကိုယ်ချင်းစာ တရားတွေ၊ ပရဟိတသဘောတွေ ဒါနသီလဘာဝနာဆိုတာတွေ၊ မိဘကျေးဇူး၊
ဆရာ့ကျေးဇူးတွေ၊
လောကပါလတရားတွေအားလုံးအားလုံး သဲထဲရေသွန်ပေါ့။ ဘာဖြစ်လို့ လဲဆိုတော့
ဒါတွေအားလုံးက ရည်ရွယ်ချက်နဲ့၊ ခံစားချက်စေတနာနဲ့၊ ကြောင်းကျိုးသိမှုတွေနဲ့လုပ်ရတာမျိုးကြောင့်ပါပဲ။
.................... ဒါဆို အမှတ်တရလို့ ပြင်ပြီးပြောကြည့်မယ်။ လူ့ဘ၀မှာ ရည်ရွယ်ချက်ကိုသိရတော့မှာပေါ့။
ပန်းတိုင်ထားရတော့မှာပေါ့။ လူ့ဘ၀ရဲ့အဓိပ္ပါယ် အနှစ်သာရတွေကို ရှာရတော့မှာပေါ့။ ကျေးဇူးတွေ
သိရတော့မှာပေါ့။ အမှတ်တမဲ့နေလို့ မရတော့ဘူး။ အဖြေရတာ၊ မရတာအသာထား ရှာရမယ့်တာဝန် ရှိလာပြီ။
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ ရေမြေတောတောင်သဘာဝတွေ၊ တိရိစ္ဆာန် တွေဟာ ရည်ရွယ်ချက်အသီသီးအတွက်ရှိနေကြတယ်။
လမင်းကြီးက ညမှာသာဖို့ပေါ့။ မြေကြီးကမြက်ပင်တွေ အတွက်၊ မြက်တွေက တိရိစ္ဆာန်တွေအတွက်၊
တိရိစ္ဆာန်က လူတွေအတွက်ရှိရတယ်ဆိုှမှားမလား။ ဒါဖြင့် လူက ဘာအတွက်များ ဖြစ်မလဲ? ပြီးတော့ လူမှာ တိရိစ္ဆာန်ထက်သာတဲ့ သိစိတ်ရှိတယ်။
မှားမှန် ကောင်းဆိုး ခွဲတတ်တယ်။ ဘုရားတရားသိတယ်။ ၀ဋ်ကိုကြောက်တတ်တယ်။ လူ့ခန္ဒာအစိတ်အပိုင်း
တစ်ခုချင်းကလည်း သူ့တာဝန်နဲပသူ။ သူ့ရည်ရွယ်ချက်နဲ့သူ။ ပိုပြီး ထူးဆန်းတာက စိတ်ဆိုတဲ့
လူရဲ့ အာရုံကိုသိ တတ်တဲ့ သဘောပဲ။ ဒါဆို လူဟာ အမှတ်တရအဖြစ် ပေါ်ထွန်းလာတယ်ဆိုတာကို လက်ခံပြီလား။
ဒါဖြင့် ဘယ်လိုများ အမှတ်ရဘ၀ကို ရောက်လာရပါလိမ့်။ ကျွန်တော် ဘယ်လိုများလောက ထဲဖြစ်တည်လာပါလိမ့်။
ပြီးခဲ့တဲ့အရင်ဘ၀က ဖြစ်စေခဲ့တယ်ဆိုရင် အဲ့ဒါကိုဖြစ်စေ တဲ့ အရင်ဘ၀ကရော? အဲ့ဒါဖြစ်စေတဲ့
ရှေးရှေ့ဘ၀ကရော၊ အဲဒါကို ဖြစ်စေတဲ့ရှေ့ရှေ့ရှေ့ ဘ၀ကရော..............???????????? တစ်နည်းအားဖြင့် သံသရာထဲက ကျွန်တော့ဘ၀ရဲ့ ကနဦးအမှတ်(၁)ဘ၀က ဘယ်လိုဖြစ်ခဲ့တာပါလိမ့်။
0 comments:
Post a Comment