လူတိုင်းအတွက်
အမြင်အာရုံသည် အလွန်အရေးပါလှပါသည်။မျက်စိသည်တန်ဖိုးမဖြတ်နိုင်လောက်
သည့် လူ့အင်္ဂါရပ်တစ်ခု
ဖြစ်ပါသည်။ လူတစ်ဦးသည် မျက်စိအမြင်ကိုအားထားပြီး၊ ဘ၀ကောင်းကျိုးအမျိုး မျိုးကို ထမ်းဆောင်ရပါသည်။
သွားလာရေးမှာသော် လည်းကောင်း၊ ပညာသင်ကြားလေ့လာရေး မှာသော် လည်းကောင်း၊ ဘ၀အတွက်အလုပ်လုပ်ရာမှာသော်လည်းကောင်း
လူတိုင်းအမြင်အာရုံ၏အကျိုးကိုသိထား
ကြပြီးဖြစ်သည်။
အမြင်အာရုံချို့ယွင်းသူတစ်ယောက်မှာ များစွာသောအခက်အခဲရှိလာသည်။
စိတ်သွားတိုင်းကိုယ်မပါနိုင်။ သူများလုပ်သလို လိုက်ပြီးမလုပ်နိုင်။ တစ်ပါးသူတစ်ယောက်ကို
အနည်းနှင့်အများ အားထားရသည်။ ဒီနေ့ မိမိသည် အမြင်အာရုံကောင်းနေသူဖြစ်ပါက ဘယ်လောက်ဝမ်းသာစရာကောင်းတယ်ဆိုတာကို
မမေ့သင့်သလို၊ မျက်စိအာရုံမကောင်းသူတွေကို စာနာထောက်ထားသင့်ပါသည်။
သာမန်အားဖြင့် လူတို့အနေဖြင့် အမြင်အာရုံလို့
ပြောလျှင် ကာယမျက်စိဟုသာ ထင်မှတ်ကြပါသည်။ တကယ်တမ်းတွင်မူ ကာယမျက်စိကွယ်နေသူများပင်လျှင်
မြင်နိုင်သည့် အစွမ်းတစ်ခုရှိပါသည်။ ထိုအမြင်မှာ အာရုံမျက်စိဖြစ်ပါသည်။ မျက်စိမမြင်သူတစ်
ယောက်မှာ မျက်စိအာရုံမကောင်းပေမယ့် အာရုံမျက်စိနဲ့ကြည့်ပြီး ခံစားတွေ့မြင်နိုင်စွမ်း
ရှိပါသည်။
နောက်တစ်ခုမှာ ပညာမျက်စိဖြစ်ပါသည်။ ကမ္ဘာလုံး၍
ရေခုံးကြောင်းကို ကာယမျက်စိနှင့်မြင်နိုင်သည့် အခြေနေတစ်ခုကို ပညာရှင်များက ပညာအခြေခံတွက်ချက်စူးစမ်းလေ့လာပြီး
ပညာမျက်စိဖြင့် ကြည့်မြင်နိုင်ကြပါသည်။
လူတိုင်း အနည်းနှင့်အများ ဖော်ပြပါအမြင်အာရုံသုံးမျိုးကို
ရယူပိုင်ဆိုင်ထားကြမည်ဖြစ်ပါသည်။ သို့သော် သတိမမူလျှင် ဂူကြီး တစ်ခုလုံးကိုပင်မမြင်ဖြစ်တတ်သည်ဟု
အဆိုရှိထားသလို လူတို့မှာ အာရုံခံမျက်စိတစ်မျိုး ကျန်ရှိနေပါသေးသည်။ ထိုအာရုံမျက်စိသည်
ကွယ်နေသည်။ မည်သို့သော အာရုံမျက်စိဖြစ်မည်နည်း။ မည်သို့ အမြင်ကြည်လာအောင် လုပ်မည်နည်း။
0 comments:
Post a Comment