အချိန်တန်လျှင် လူတိုင်းလိုလို အိမ်ထောင်ပြုကြမြဲဖြစ်သည်။ ရည်ရွယ်ချက်အမျိုးမျိုးနှင့် အိမ်ထောင်တည်ကြသော်လည်း အနှစ် သာရနှင့် ရည်ရွယ်ချက်ကိုသိသူ နည်းလှသည်။ အိမ်ထောင်ဟူသည် အဘယ်နည်း။ အဘယ့်ကြောင့် အိမ်ထောင်ပြုရပါသနည်း။
ကမ္ဘာပေါ်တွင် လူတွေနည်းရာမှများလာသည်ကိုလည်းကောင်း၊
မွေးဖွါးခြင်းဖြင့်သာ သားစဉ်မြေးဆက်ပြန့်ပွါးသည့် လက်တွေ့ သာဓကကိုလည်းကောင်း၊ ထောက်လျှင်
လူမှန်သမျှသည် ရှေးဦးပထမလူဖခင်တစ်ဦးနှင့်မိခင်တစ်ဦးတို့မှ ဆင်းသက်ခဲ့သည်ဟု ဆိုနိုင်
သည်။ ယောက်ျားနှင့်မိန်းမသည် လူစာရင်းဝင်ပုံတူသော်လည်းခန္ဓာဖွဲ့စည်းပုံ ကွဲသည်ကိုထောက်လျှင်
လူအဖြစ်၌ အိမ်ထောင်အတွက် ဒီဇိုင်းပါပြီးကြောင်း အလွယ်သိနိုင်သည်။ ထို့ကြောင့် အိမ်ထောင်သည်
ယဉ်ကျေးမှုထုံးတမ်းမဟုတ်။ သားသမီးတို့ အချိန်တန်လျှင် မိဘ အုပ်ထိန်းမှုမှထွက်၍ တစ်အိုးတစ်အိမ်ထူကြခြင်းကို
မည်သည့်လူမျိုးဘာသာ ယဉ်ကျေးမှု၌မဆို အိမ်ထောင်ကိုမင်္ဂလာတစ်ပါးအဖြစ် တလေးတစားပြုကြခြင်းသည်မှာ
ထိုအကြောင်းကြောင့် ဖြစ်သည်။
တဖန် အိမ်ထောင်၏အဓိပ္ပါယ်ကိုရှာလျှင် အိမ်ထောင်ဖက်တို့အကြားနားလည်မှု
အရေးကြီးဆုံးဟု အများကလက်ခံသည်။ နားလည်မှုသည် တစ်ဦးကိုတစ်ဦးက ကိုယ်နှင့်ထပ်တူသဘောထားခြင်းပင်ဖြစ်သည်။
၎င်းသည် လင်နှင့်မယားတလုံးတ၀ တစ်ကိုယ် တစ်စိတ်တည်းရှိခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောအိမ်ထောင်သည်
ပြိုလဲစရာမရှိ။ ပျော်စရာအတိသာ ရှိသည်။ သို့သော် လောဘ၊ ဒေါသ၊မောဟ၊အတ္တမာနမကင်းသော လောကီသားကျားနှင့်မတို့နှစ်ဦးသည်
ထိုသို့မဖြစ်နိုင်။ ဖြစ်ရောဖြစ်နိုင်ပါမည်လော။ ထိုအတွက် မည့်သည့်အရာ၊ အကြောင်းအချက်များလိုအပ်ပါသနည်း။
0 comments:
Post a Comment