Pages

Popular

အိုဘယ့်မေတ္တာ ဘယ်မှာရှာ...

Saturday, June 30, 2012


       
        မေတ္တာအကြောင်းကို နည်းနည်းစပ်စုကြည့်မိတာပါ။ အချစ်နဲ့မေတ္တာမတူဘူးလို့ ပညာရှိတွေကောက်ချက်ချတယ်။ အချစ်ဆို တာပူလောင်တယ်။ ဥပမာ-လင်မယားအချစ်လိုမျိုးပေါ့။ ရယူတဲ့သဘောရှိတယ်။ ကိုယ့်အလိုကိုပဲဦးစားပေးတာမျိုးပေါ့။ ပြီး တော့အတ္တဆန်တယ်။ ကိုယ့်အတွက်ပဲ ကြည့်တတ်တယ်ပေါ့။ အချစ်က တစ်ထောင်ငါးရာကိလေသာနဲ့ ယှဉ်တယ်ဆိုတော့ အနှုတ်သဘောဆောင်တယ်ပေါ့။ လောကုတ္တရာရှု့ထောင့်ကကြည့်ရင်တော့ အပါယ်နဲ့ဆိုင်တယ်တဲ့။ ဒါတော့ကြောက်စရာ ကြီးပေါ့ဗျာ။ ဒီနေ့ ကိုရီးယားကားတွေကြည့်ရင် အချစ်ရောင်စုံကိုတွေ့နိုင်ပါတယ်။ ယောက္ခမနဲ့သမက်လည်း အချစ်ဇာတ် လမ်းရှိတယ်ဗျ။ ယောက္ခထီးနဲ့ချွေးမကလည်း အချစ်စခန်းဖွင့်တယ်ဗျ။ ခဲအိုနဲ့ခယ်မကလည်း ချစ်ပန်းချီဆွဲတယ်။ သူငယ်ချင်း ဇနီးမောင်နှံနှစ်တွဲမှာလည်း အချစ်ခရော့ဇင်တွေ ရှိတယ်ဗျ။ မယားပါသားနဲ့ လင်ပါသမီးကလည်း အချစ်လမ်းဖောက်တယ်။ ၀မ်းကွဲမောင်နှမတွေကလည်း အချစ်လှေလှော်ကြတယ်။ ညီအစ်ကိုနှစ်ယောက်က မိန်းကလေးတစ်ယောက်တည်းကိုအချစ် မြှားတွေပြိုင်ပစ်သလို ညီအစ်မနှစ်ယောက်ကလည်း ယောင်္ကျားလေးတစ်ဦးတည်းကို အချစ်ငှက်တွေလွတ်သဗျ။ ဟုတ်တယ်။ အချစ်ဆိုတာပူလောင်တယ်။ ရလိုတယ်။ အတ္တကြီးတယ်။ ပြီးတော့ အလျားအနံလည်းရှိတယ်။ တံတားတွေ ခံနိုင်ဝန်ကျော်ရင်ကျိုးသလို အချစ်ကလည်းဘောင်ကျော်လာရင် ပေါက်ကွဲတတ်တယ်။ ပြီးတော့ အချစ်ကအကောင်းအဆိုးကိုလည်း စိစစ်သေးတယ်။ ကောင်းတဲ့သူ၊ လှတဲ့သူကိုမှ လချစ်ချင်တာ။ ထိုက်တန်မှအချစ်ကို ပေးချင်တာ။ ဒါကြောင့် ဒီနေ့ လူပျိုကြီး၊ အပျိုကြီးဖြစ်နေသူတွေအများစုက အကောင်းအဆိုးကြည့်လွန်းလို့ ဖြစ်မှာပါ။ ပြီးတော့ လူ့အချစ်က အပေးအယူလည်းရှိပြန်တယ်။ ကိုယ့်အချစ်အတွက် ဘာပြန်ရမလဲ။ သူ့ဆီကဘာပြန်ပေးမလဲဆိုတာ မျှော်တတ်ပါသေးတယ်။ ဘာမှမရနိုင်၊ ကျောက်ခဲရေညှစ်သလို  ဘာမှမထွက်နိုင်တဲ့သူဆီ ဘယ်သူကအချစ်တွေပေးချင်မလဲ။ ဟုတ်တယ်နော်။ ဒီခေတ်က ဈေးကွက်စီးပွါးရေးစနစ်လေ။ ဒါကြောင့်များ အချစ်တွေက ဈေးကွက်ဆန်ကုန်သလားတော့မသိတော့ပါဘူး။ ဒါကြောင့် လူ့အချစ်ဟာ အလျားအနံရှိတယ်။ အကောင်းအဆိုးကြည့်တယ်။ အပေးအယူကြည့်တယ်။ သာဓုခေါ်စရာမရှိဘူး။ မတတ်သာလို့ ချစ်နေရတာ။ ဒါကြောင့် မချစ်သော်လည်းအောင့်ကာနမ်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီကနေ့ ကားသစ်ကားဟောင်းတွေ လဲလှယ်နေတယ်ဆို တော့ မိုဒယ်အသစ်တွေနဲ့လဲချင်တဲ့ ဘယ်လောက်တောင်ရှိမလဲ? မသိပါဘူး။ ဒါဖြင့် မေတ္တာဆိုတာကရော ဘယ်လိုလဲ။ မေတ္တဆိုတာအေးမြတယ်။ ပေးကမ်းတယ်။ အတ္တမဆန်ဘဲ စွန့်လွတ်တယ်။ အလျားအနံမရှိဘူး။ အသွားအပြန်လည်းမကြည့် ဘူး။ အကောင်းအဆိုးကိုလည်း မစိစစ်ဘူး။ ဒီမေတ္တာကို အနီးစပ်ဆုံးမိဘမေတ္တာနဲ့ နှိုင်းကြတယ်။ မိဘရဲ့ သားသမီးအပေါ် ထားတဲ့မေတ္တက  အချစ်ထက်သာလွန်တဲ့ အစစ်အမှန်လို့ ဆိုကြတယ်။ ဒါပေမယ့်ဗျာ။ မိဘမေတ္တကတကယ်တမ်းတော့ ပြည့်စုံရဲ့လား? ကမ္ဘာမီးလောင် သားကောင်ချနင်း၊ အမိသော်လည်းသားတော်ခဲတယ်တဲ့။တကယ်တမ်းဒုက္ခရောက်လာတဲ့ အခါ သားသမီးကိုမကယ်နိုင်တော့ဘူး။ သဗ္ပေသတ္တာကမ္မသကာသဘောထားရတာဘဲမဟုတ်လား။ ဒီနေ့ သတင်းစာတွေ ကြည့်ရင် အမွေဖြတ်တဲ့မိဘတွေအများကြီးပါ။ အချို့ဆိုငွေလိုချင်လို့ သားသမီးအရင်းကိုနယ်စပ်ကျော်ပြီးသွားရောင်းလို့ အရေးယူတဲ့အမှုတွေရှိတယ်။ ဒီနေ့ လူမှန်ရင် လောဘ၊ ဒေါသ၊ မော၊ အတ္တမာနမကင်းတာမို့ ဒီလောကထဲမှာတကယ်ဘဲ စစ်မှီတဲ့မေတ္တာမျိုးရှာတွေ့မှာလားဆိုတာ သံသယဖြစ်စရာပေါ့။ ကြည့်လေ ဒီကမ္ဘာကြီးက သူ့ဝင်ရိုးပေါ်မှာ တစ်နာရီမိုတစ် ထောင်နှုန်းလောက်နဲ့ လည်နေတယ်။ ပြီးတော့ တစ်နာရီမိုင်ခြောက်သောင်းကျော်နှုန်းနဲ့ နေကိုပတ်နေပြန်တယ်။ ဒီကမ္ဘာ ကြီးပေါ်မှာရှိတဲ့ လူတွေကလည်း လည်ပြီးပတ်နေရသူတွေဖြစ်တယ်။ ဒါကြောင့် လူတွေအားလုံးက လူလည်လူပတ်တွေ ချည်းပါ။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေလို့ စကားလက်ဆောင်ပေး တော်မူတယ်။  အချင်းချင်းလှည့်ပတ်နေကြတဲ့ လူတွေထဲမှာ မတ္တာစစ်မေတ္တာမှန်ကိုရှာလို့တွေ့မလား။ ဒီနေ့ လူတွေကို တွေ့ ပြီလားလို့မေးရင် မတွေ့သေးဘူးလို့ဖြေကြမှာပါ။ အဲ့ဒီမေတ္တာက တစ်နေရာရာမှာ ပုံစံတစ်မျိုးနဲ့ရှိနေမှာကို စိတ်ထဲကသိနေပေ မယ့် ဘယ်မှာရှာရမလဲ။ ဘယ်သူ့ဆီမှာရှိနေမလဲ။ စကြာဝဠာရဲ့အပြင်တစ်နေရာမှာလား? လူ့လောကနယ်ပယ်က လွန်မြောက်တဲ့ နေရာမှာလား..........................?

Continue Reading | comments (1)

လူထဲကတကယ့် လူ..

     
          ဒီနေ့လောကကြီးထဲမှာ တကယ့်လူလို့ခေါ်လောက်တဲ့သူတွေ ရှိကြပါတယ်။ သူတို့ဟာ ကမ္ဘာ့မြေပေါ်မြေအောက် သယံဇာတတွေ၊ သစ်ပင်၊ ပန်းပင်တွေ၊ ကုန်းနေ ရေနေသတ္တ၀ါတွေအစ ကမ္ဘာ့ပြင်ပက ဂြိုလ်တွေမကျန် စူးစမ်းလေ့လာဖော်ထုတ်ပြီး ကမ္ဘာကို ပြောပြနိုင်ကြပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေနိုင်သူတွေ ဟာ ကိုယ့်ကိုရော အတွင်းကျကျရှာဖွေနားလည်ကြပါရဲ့လား? ဒီစကြာဝဠာကြီးထဲမှာ လူရဲ့အကြောင်းက အနက်နဲဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ။ မိမိကိုယ်ကို အရှိကိုအရှိအတိုင်း မြင်နိုင်နားလည်သူဟာ လူထဲက တကယ့်လူပါ။
          စားဝတ်နေရေးပြေလည်ပြီးလူတန်းစေ့နေနိုင် သူကိုမှလူပီသတယ်လို့ တစ်ချို့ကဆိုပါတယ်။ ဒါပေမဲ့     ပစ္စည်းဥစ္စာပြီးပြည့်စုံလျက်နဲ့ဘ၀မှာအဓိပ္ပါယ်မဲ့သလိုခံစားနေရသူတွေအများကြီးပါ။ တစ်ချို့ကလူ့သမိုင်းကြောင်း မှာလူ့အကျိုးအတွက်တစ်ခုခုလုပ်နိုင်ရင်လူပီသတယ်လို့ပြောကြတယ်။ဒါပေမဲ့လူတွေအားလုံးကလုပ်နိုင်ပါ့မလား၊တစ်ချို့ကလူဟာမျောက်ကဆင်းသက်လာလို့တိရစ္ဆာန်သာသာပါဘဲတဲ့၊ဒီအဆိုမှန်ရင်လူကတော့လူဟာယဉ် ကျေးမှုနဲ့ဘာသာတရားမလိုတော့ပါဘူး။တိရစ္ဆာန်ဟာစားဖို့၊အိပ်ဖို့ဘဲသိပါတယ်။
          ဒီကမ္ဘာကြီး ကိုကြည့်ပါ .. မြေကြီးရယ်၊ အပင်တွေရယ်၊ တိရိစ္ဆာန်တွေရယ်၊ လူတွေရယ် လို့တွေ့နေရပါတယ်။မြေကြီးဟာ အပင်တွေရှင်သန်ဖို့၊ အပင်ကလေးတွေကတိရိစ္ဆာန်ကလည်းလူတွေမှီဝဲ စားသုံး ဖို့ ရှိနေရတယ်။သူတို့မှာ ရည်ရွယ်ချက်တွေနဲ့ပါ၊ ဒါဆိုရင်လူက ဘာအတွက်ကြောင့် ရှိနေရတာလ၊ဲလူဆိုတာစား ဖို့ရှင်နေတာမဟုတ်၊ ရှင်ဖို့စားနေရပါတယ်လို့ ဆင်ခြင်ဥာဏ်ရှိသူတိုင်းဆိုပါလိမ့်မယ်။ ဒါကြောင့် စားဝတ်နေရေး ဟာလူ့ဘ၀ရဲ့ပန်းတိုင်မဟုတ်ပြန်ဘူး။ဒါအပြင် လူဟာသေမျိုးဖြစ်လို့ တစ်ချိန်မှာ မုချသေရမယ်။ ဒါဆိုရင်သေဖို့ ရှင်နေတာလားလို့ ပြောမလား.၊သေဖို့ရှင်နေတာမှန်ရင်တော့ သေချိန်ကို စောင့်နေရတာထက်အခုချက်ခြင်းသေ ရင်ပိုမကောင်းဘူးလား၊ ဒါတွေလည်း အဖြေမှန်မဟုတ်ပြန်ဘူး။
တမလွန်ရှိတာ လူတိုင်းယုံကြတယ်။ တမလွန်မှာ ဘာတွေဖြစ်မှာလည်း၊ တစ်ချို့က သေမှသိမယ်တဲ့၊ တစ်ချို့က ကိုယ့်အပေါ်မူတည်တယ်တဲ့၊ ကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်၊မကောင်းတာ      လုပ်ရင်မကောင်းရာကိုရောက်မယ်တဲ့၊အဖြေတွေကအမျိုးမျိုးပါဘဲ၊ ဒါပေမဲ့ သေမှာကြောက်တာရယ် ၊သေပြီးဘယ်သွားမယ်ဆိုတာတိတိကျကျမပြောနိုင်တာရယ်ကတော့လူအားလုံးမှာ အတူတူပါပဲ။
Continue Reading | comments
 
Copyright © 2012. Miscellanys . All Rights Reserved